Saturday, July 26, 2008

နောင်တ


ငါသာ
Gtalk မ၀င်ဖြစ်ခဲ့ရင်
မင်းနဲ.တွေ.ရမှာ မဟုတ်ဘူး။
ငါသာ
မင်းနဲ. မတွေ.ဖြစ်ခဲ့ရင်
မင်းကို ချစ်မိမှာ မဟုတ်ဘူး။
ငါသာ
မင်းကို မချစ်ခဲ့ရင်
မင်းပြော တဲ့စကားတိုင်းကို
ယုံကြည်ခဲ့မှာ မဟုတ်ဘူး။
ငါသာ
မင်းပြောခဲ့တဲ. စကားတွေကို မယုံကြည် ခဲ့ရင်
မျှော်လင့်ခြင်းဆိုတဲ့ အိမ်မက်တွေ
မက်ဖြစ်ခဲ့မှာ မဟုတ်ဘူး။
ငါသာ
မင်းနဲ. စကားတွေ မပြောဖြစ်ခဲ့ရင်
မအိပ်ဘဲ မိုးလင်းခဲ့ရတဲ့ ရက်တွေ
ရှိခဲ့မှာ မဟုတ်ဘူး။
……………………
…………………..
………………………
ငါသာ
မင်းမှာ ချစ်သူရှိနေမှန်း သိခဲ့ရင်
ဘယ်တော့မှ မင်းကို ချစ်ခဲ့မိမှာ မဟုတ်ဘူး။

** ဒါတွေက လုံးဝမရ တော့မဲ့ နောင်တ တွေပါ။**

( :D စာဖတ်သူသာ
ဒီစာတွေကို မဖတ်ဖြစ်ခဲ့ရင်
နောင်တ ဆိုတာရမှာ မဟုတ်ဘူး။) :P

2 comments:

မီးငယ် said...

ကောင်းလိုက်တဲ့ ကဗျာ..
ဟုတ်တယ် ဆောင်းရေ.. မှန်တယ်သိလား..

Yan said...

နောင်တရတယ်.
ဒါကိုမှ တိုက်တိုက်ဆိုင်ဆိုင် လာဖတ်မိလို့.

 

blogger templates | Make Money Online