Monday, August 18, 2008
အရမ်းပူပြင်းလှသောနွေရာသီနေ.တစ်နေ.တွင် လူတစ်ယောက်သည် ဘေးတစ်ဖက်တစ်ချက်တွင် လယ်ကွင်းများဖြင်.ပြည့်နေသော ဟိုင်းဝေးလမ်းမကြီးပေါ် ကားမောင်းလာရင်း ဘေးဘီသို.ကြည့်လိုက်ရာ ဘာသစ်ပင်ရိပ်မှမရှိပဲခြစ်ခြစ်တောက်ပူပြင်းလှသောလယ်ကွက်အတွင်း လူတစ်ယောက်သည် ဘာအလုပ်မှမယ်မယ်ရရ မလုပ်ပါဘဲ မတ်မတ်ကြီးရပ်နေသည်အားတွေ.လိုက်ရလေသည်။ သူလည်းဒီလောက်နေပူကြီးထဲတွင် ဘာလုပ်နေပါလိမ့်လို.သိလိုဇောဖြင့် ကားရပ်ကာသွားမေးလိုက်၏။
ဟေ့လူ ဒီလောက်နေပူကြီးထဲမှာ ခင်ဗျား ဘာရပ်လုပ်နေတာလဲ။? ထိုလူက
ကျွန်တော်ရပ်နေတာအကြောင်းရှိတယ်ဗျ။ ကျွန်တော်နိုဗယ်လ် ဆုရခြင်လို.။
ဒီလို နေပူကြီးထဲမှာရပ်နေရုံနဲ. နိုဗယ်လ်ဆုရရောလားဗျ မဖြစ်နိုင်ပါဘူး။ လို.ကားမောင်းသူကပြောလိုက်၏။
ထိုရပ်နေသောလူက ကျွန်တော်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်..
A person who is outstanding in their fields is given the Nobel Prize. တဲ.
ဒါကြောင့်နေ.တိုင်း မနက်ကနေမိုးချုပ်အထိ ကျွန်တော့်လယ်ကွင်းထဲမှာ လာလာရပ်နေတာဗျ။
( "Laughter the best medicine" မှဟာသတစ်ခုအား မှတ်မိသလောက် ဘာသာပြန်ထားပါသည်။)
Labels: comedy
Saturday, July 26, 2008
ငါသာ
Gtalk မ၀င်ဖြစ်ခဲ့ရင်
မင်းနဲ.တွေ.ရမှာ မဟုတ်ဘူး။
ငါသာ
မင်းနဲ. မတွေ.ဖြစ်ခဲ့ရင်
မင်းကို ချစ်မိမှာ မဟုတ်ဘူး။
ငါသာ
မင်းကို မချစ်ခဲ့ရင်
မင်းပြော တဲ့စကားတိုင်းကို
ယုံကြည်ခဲ့မှာ မဟုတ်ဘူး။
ငါသာ
မင်းပြောခဲ့တဲ. စကားတွေကို မယုံကြည် ခဲ့ရင်
မျှော်လင့်ခြင်းဆိုတဲ့ အိမ်မက်တွေ
မက်ဖြစ်ခဲ့မှာ မဟုတ်ဘူး။
ငါသာ
မင်းနဲ. စကားတွေ မပြောဖြစ်ခဲ့ရင်
မအိပ်ဘဲ မိုးလင်းခဲ့ရတဲ့ ရက်တွေ
ရှိခဲ့မှာ မဟုတ်ဘူး။
……………………
…………………..
………………………
ငါသာ
မင်းမှာ ချစ်သူရှိနေမှန်း သိခဲ့ရင်
ဘယ်တော့မှ မင်းကို ချစ်ခဲ့မိမှာ မဟုတ်ဘူး။
** ဒါတွေက လုံးဝမရ တော့မဲ့ နောင်တ တွေပါ။**
( :D စာဖတ်သူသာ
ဒီစာတွေကို မဖတ်ဖြစ်ခဲ့ရင်
နောင်တ ဆိုတာရမှာ မဟုတ်ဘူး။) :P
Labels: poem
Tuesday, July 8, 2008
ဒီလိုနဲ့ပိတောက်တွေငိုကြပြန်ပြီချစ်သူ..
မန္တလေးမြို့ရဲ့လမ်းတွေပေါ်မှာ..
မဏ္ဍပ်တွေပေါ်မှာ..
ငါ့မျက်နှာတွေပေါ်မှာ မျက်ရည်တွေမှ ဖွေးဖွေးလှုပ်လို့..
သင်္ကြန်ပျိုမေတွေကတော့အလွမ်းတွေဝေနေအောင်ပန်ကြပြီပေါ့လေ..
ဆိုင်ကယ်ကိုအသင့်ပြင်..
နှလုံးသားကိုနောက်ဘက်ပြောင်းတင်ပြီး..
ကန္တာရထဲထွက်ဖို့ပြင်လိုက်တယ်..
အငွေ့အသက်ဟောင်းတွေရလို့ရငြားပေါ့..
နှုတ်ခမ်းကိုပိနေအောင်စေ့ပြီး..
ဓါးအစင်းစင်းကြားတိုးဝင်လိုက်တယ်..
လက်ကိုင်ပေါ်ကငါ့လက်တွေ တဆတ်ဆတ်တုန်လို့ပါလား..
အသဲနှလုံးကတော့အေးခဲထုံကျင်လို့..
ခါးသီးမှုတွေကြား အံကြိတ်ရင်း မျက်လုံးအစုံကိုမှိတ်လိုက်တယ်..
မီးလျှံတွေပျောက်သွားတယ်..
မိုးကြိုးမုန်တိုင်းတွေရပ်သွားတယ်..
သင်္ကြန်မိုးဖွဲဖွဲကြားက..
ပိတောက်ပန်းတွေတပွေ့တပိုက်နဲ့..
ပြုံးရင်းလျှောက်လာတဲ့ငါ့ချစ်သူ..
သြော်......စိတ်ကူးသက်သက်ပါလားဆိုတဲ့အတွေးနဲ့ပဲ..
ပိတောက်တွေငိုကြပြန်ပြီပေါ့ချစ်သူရယ်...
**သူငယ်ချင်းတစ်ယောက်ရဲ. ကဗျာလေးပါ။
Labels: poem
Thursday, June 26, 2008
စားသောက်ဆိုင်တစ်ဆိုင်သို.ခေါ်ပြီးသူ.သမီးအတွက်ထောက်ပံ့သောနောက်ဆုံးချက်
လက်မှတ်တစ်စောင်ကိုပေးလိုက်၏။
“အဖေဟာ သမီး ကို ၁၈နှစ်လုံးလုံး ထောက်ပံ့ခဲ့တာ အခု ဒီချက်လက်မှတ်ဟာ
သမီး၁၈နှစ်ပြည့်သွားတဲ့အတွက် နောက်ဆုံးထောက်ပံ့တဲ့ချက်လက်မှတ်ဆို
တာသမီးရဲ.အမေကိုပြောလိုက်။ အဲဒီလိုပြောလိုက်ရင်သူ.မျက်နှာပေါ်မှာဖြစ်
သွားတဲ့အမူအရာနဲ. သူဘာပြန်ပြောမလဲဆိုတာကိုအဖေ့ဆီသေချာပြန်လာ
ပြော..ကြားလား။”လို.ပြောလိုက်သည်။
သမီးလုပ်သူက” ဟုတ်ကဲ့” လို.ပြောပြီး ပြန်လှည်.မထွက်ခင်...
“အမေကလည်းအဖေ့ကိုစကားတစ်ခွန်းပြောခိုင်းလိုက်ပါတယ်…သမီးဟာအဖေ့ရဲ.
သမီးအရင်းမဟုတ်ကြောင်းနဲ.အဲဒီလိုပြောလိုက်ရင် ဖြစ်သွားမဲ့ အဖေ့မျက်နှာ
ပေါ်က .အမူအရာကို မှတ်ခဲ့ဖို. သမီးကို မှာလိုက်ပါတယ်။
Labels: ဟာသ
Saturday, June 21, 2008
အမှန်တရားနဲ့ စီးချင်းထိုးဖို့
ချိန်းဆိုထားသတဲ့။
အမှန်တရားဆိုတာ
ချိန်းဆိုထားတဲ့ အချိန်ထက်
အမြဲနောက်ကျလေ့ရှိတဲ့
သူရဲကောင်း ဖြစ်တယ်။
စစ်ပွဲ၊ငြိမ်းချမ်းရေး
ဘောဂဗေဒနဲ့ ယဉ်ကျေးမှု
အဲဒီ ရောင်စုံဖိုင်တွဲတွေကြား နစ်မြုပ်ရာက
လူဟာ
အလန့်တကြား ထ ထ ရပ်
အချိန် မကြာခဏ ကြည့်တတ်လာတယ်
..............................ကဗျာဆရာ မြမြင့်မိုရ် ရဲ့ ကဗျာလေးပါ...............................
Labels: ကဗျာ
